စွမ်းအင်ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်ကုမ္ပဏီ/အဖွဲ့အစည်းများနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာနမှဝန်ထမ်းနှင့် မိသားစုဝင်များအတွက် လှူဒါန်းသည့် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များအတွက် ပြည်တွင်း/ပြည်ပ မိတ်ဖက်ကုမ္ပဏီအဖွဲ့ အစည်းများနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှ လှူဒါန်းသည့် ထောက်ပံ့ငွေနှင့်ထောက်ပံ့ရေး ပစ္စည်း များအား လက်ခံရယူခြင်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် China National Petroleum Corporation (CNPC)မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ငါးသောင်းတန်ဖိုးနှင့်ညီမျှသည့် စားသောက်ဖွယ်ရာများ၊ ရတနာစု ကုမ္ပဏီမှလှူဒါန်းသည့်ကျပ်သိန်းငါးရာ၊ ဧရာဝတီဖောင်ဒေးရှင်းမှလှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာ တန်ဖိုးရှိအခြေခံစားသောက်ကုန်များနှင့် ငွေသားကျပ်သိန်းတစ်ထောင်တို့ကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က လက်ခံရယူပြီး အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။