News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စက်ရုံအား သွားရောက်ကြည့်ရှုလေ့လာခြင်း

11th Nov 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စက်ရုံအား သွားရောက်ကြည့်ရှုလေ့လာခြင်း

၂၀၂ ခုနှစ် နိုင်ဝင်ဘာလ ၁၁ ရက်

          တတိယအကြိမ်မြောက် ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့တက်ရောက်ရန် နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြားစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့၌ ချန်းကျိုမြို့ရှိ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စက်ရုံ Lu An Chemical Plant သို့ သွားရောက်လေ့လာခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်း တင်ပြခဲ့ပြီး စက်ရုံ Control Room တွင် ခေတ်မီနည်းပညာများအသုံးပြု၍ စက်ရုံအား ထိန်းချုပ် လည်ပတ်မောင်းနှင်နေမှုနှင့် စက်ရုံဝန်းအတွင်း ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်ရန် လိုအပ်သည့် ဓာတ်ငွေ့အား ကျောက်မီးသွေးမှထုတ်လုပ်နေမှုများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်ကိရိယာများ အား လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များမှ သိရှိလိုသည် များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူအသီးသီးမှ ပြန်လည်ရှင်းတင်ပြခဲ့ကြပါသည်။

          စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၌ ပေကျင်းမြို့ရှိ Aerospace Museum နှင့် CETEC (Changzheng Engineering Technology Co., Ltd.) Research and Development Center တို့သို့ သွားရောက် လေ့လာကြပြီး CETEC ရုံးချုပ်တွင် CETEC မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သောကျောက်မီးသွေး အရည်အသွေးနှင့် ပြည့်မီစွာစဉ်ဆက်မပြတ်ရရှိရေးအတွက် အကြိုလေ့လာဆန်းစစ်မှုများအား တိကျသေချာစွာစိစစ် ဆောင်ရွက်ရေး၊ Clean Coal Technology (CCT) ကဲ့သို့သော အဆင့်မြင့်နည်းပညာများအသုံးပြု ခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုဖြစ်ပေါ်စေမှုအားလျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီဆောင်ရွက်နိုင်ရေး၊ စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးပြုမည့်အဆင့်မြင့်နည်းပညာများအား စနစ်တကျလွှဲပြောင်းရရှိရေး၊ Human Resourses (HR) မြင့်မားစေရေးအတွက် စာတွေ့လက်တွေ့သင်တန်းများဖွင့်လှစ်၍လေ့ကျင့် သင်ကြားပေးနိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပေကျင်းမြို့ရှိ WISDRI Engineering & Research Incorporation Limited အစည်းအဝေးခန်းမ၌ ကျောက်မီးသွေး မှ ဓာတ်မြေဩဇာထုတ်လုပ်မှုနည်းစဉ်များတွင်အဓိကအသုံးပြုမည့် အအေးလွန်နည်းပညာအသုံးပြု၍ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ကိုထုတ်ယူသည့်နည်းပညာဆိုင်ရာများ၊ လိုအပ်သည့်လျှပ်စစ်ဓာတ်အား ကို ကျောက်မီးသွေးမှတစ်ဆင့် ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပညာရှင်များမှရှင်းလင်းတင်ပြခဲ့မှုအပေါ်တွင် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News