News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအားကြည့်ရှုစစ်ဆေး

11th Aug 2024

နေပြည်တော်၊ ဩဂုတ်လ ၁၁ ရက်

         စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အတူ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ အမှုထမ်း၊ အရာထမ်းအိမ်ရာ များနှင့် အပျို/လူပျိုဆောင်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် နေထိုင်နိုင်စေရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေအမြောက်အများ အကုန်အကျ ခံကာတည် ဆောက်ပေးထားသည့် အိမ်ရာများ၊ အဆောင်များတွင် သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီနေထိုင်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ နေထိုင် သည့်အဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း  စောင့်ရှောက်သွားရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားစေရေးအတွက် မိမိတို့နေထိုင်ရာ အဆောက်အဦများ၏ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးကို ရုံးအားလပ်ရက်/ ရုံးပိတ်ရက်များတွင် စုပေါင်း ဆောင်ရွက်သည့်အလေ့အကျင့်များ၊ မိမိတို့နေထိုင်သည့်တိုက်ခန်းများ၏ သန့်ရှင်း ရေးအမြဲမပြတ်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရှိအောင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ တိုက်ခန်းများပတ်ဝန်းကျင် အလင်းရောင်ကောင်းစွာရရှိနိုင်ရေးအတွက် အလင်းဖွင့်ခြင်း၊  လေဝင်လေထွက်ကောင်းအောင်သစ်ပင်ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များကို အခါအားလျော်စွာဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဝန်ထမ်းအိမ်ရာအနီးရှိ မြေကွက်လပ်များတွင် ကိုယ်လက်လှုပ်ရှားနိုင်သည့်  အားကစားကွင်းများ တည်ဆောက်ပြီး ကျန်းမာကြံ့ခိုင်သည့် ဝန်ထမ်းများဖြစ်စေရေးဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် သီးပင်စားပင်များ စနစ်တကျစိုက်ပျိုးကြစေလိုပါကြောင်း၊ အိမ်ရာများတွင် မီးဘေးနှင့်လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲ မပြတ်ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းပေးရန်ုဖြစ်ကြောင်း၊ အိမ်ခန်း အလိုက် အသုံးပြုနေသောရေနှင့်လျှပ်စစ်ဓာတ်အားကိုလည်း စနစ်တကျချွေတာ သုံးစွဲ သွားကြရမည်ဖြစ်ပါကြောင်း၊ အိမ်ရာလုံခြုံရေးအတွက် လုံခြုံရေးသတိဖြင့် အလေး ထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်ဖြင့်လမ်းညွှန်မှာကြားခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများနှင့် အဆောင် များရှိ ဝန်ထမ်းများ၏စားဝတ်နေရေး အဆင်ပြေမှုရှိစေရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှုရှိစေရေးနှင့် ယခုမိုးတွင်းကာလတွင်ဖြစ်ပေါ်တတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့်အိမ်ရာအချို့အားကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ပြုပြင်မှုများအား ဆောင်ရွက်ရန်ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာနှင့်   ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံကာ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အခြေအနေများအားမေးမြန်း၍ လိုအပ်သည်များ ဖေးမကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Other News