News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့အကြား အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပပြုလုပ်

10th May 2024

 

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့အကြား အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပပြုလုပ်

၂၀၂ ခုနှစ် မေလရက်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့အကြား အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ၆ ရက်နေ့၌ စွမ်းအင်ဝန်ကြီးဌာနရှိ အစည်းဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စက်မှုဝန်ကြီးဌာနသည် ရပ်ဆိုင်းထားသည့်စက်ရုံများအား အမြန်ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ပြန်လည်လည်ပတ်နိုင်ပါက ပြည်တွင်းမှထွက်ရှိသည့်ဝါကုန်ကြမ်းကိုအသုံးပြုပြီး ချည်ထည်များ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်တွင်းတွင် ဝါတိုးမြှင့်စိုက်ပျိုးထုတ်လုပ်ပြီး ချည်မျှဉ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခု အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သည် ၂/၄၀ ချည်များထုတ်လုပ်နိုင်သည့်စက်ရုံဖြစ်သည့်အတွက် စက်ရုံပြန်လည်လည်ပတ်နိုင်ပါက ပြည်တွင်းသုံးအတွက်သာမက ပြည်ပသို့ပါ ချည်မျှဉ်များတင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သောသဘာဝဓာတ်ငွေ့ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှာစကား ပြောကြားရာတွင် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်) ကို ၁၉၈၇ ခုနှစ်မှစတင်၍ သဘာဝ ဓာတ်ငွေ့များပို့လွှတ်ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စက်ရုံလည်ပတ်ထုတ်လုပ်မှုရပ်ဆိုင်း သွားသဖြင့် သဘာဝဓာတ်ငွေ့ပို့လွှတ်ပေးမှုလည်းရပ်ဆိုင်းခဲ့ရပါကြောင်း၊ ယခုစက်ရုံ ပြန်လည် လည်ပတ်နိုင်ရန်အတွက် သီးသန့်ပိုက်လိုင်းတစ်ခုတည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်က သဘာဝဓာတ်ငွေ့ဖြန့်ဖြူးပေးရာတွင် စာချုပ်ချုပ်ဆိုခြင်းမပြုခဲ့ပါကြောင်း၊ ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များကို စနစ်ကျစွာအသုံးပြုနိုင်ရန်အတွက် စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း နှင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့်သဘာဝဓာတ်ငွေ့ ရရှိရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ပူးပေါင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီး ဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက အမှတ်(၁)အထည် စက်ရုံ (ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှုစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြ ပြီး ပြည်ထောင်စုဝန်ကြီးများရှေ့မှောက်တွင် စာချုပ်များအသီးသီးလဲလှယ်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Other News