News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာနှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ နေပြည်တော် ဧပြီလ ၁၀ ရက်

10th Apr 2024

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာနှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ

နေပြည်တော် ဧပြီလ ၁၀ ရက်

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုအချင်းချင်း ချစ်ခင်ရင်းနှီး၍  စည်းလုံးညီညွတ်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်၊  ဝန်ကြီးဌာန ၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်စေရန်ရည်ရွယ်၍ စွမ်းအင်ဝန်ကြီး ဌာနရှိ ဝန်ထမ်းမိသားစုများ၏ မြန်မာနှစ်သစ်ကူးမိတ်ဆုံစားပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၆)၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်အတူ လက်ရေတစ်ပြင်တည်း နေ့လယ်စာသုံးဆောင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

Other News