News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေး သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

23rd Jan 2024

စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေး သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအတူ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များ ပတ်သက်သည့်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၌ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စက်သုံးဆီ လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသလို သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ပိုမို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့စီမံဆောင်ရွက်နေရာတွင် ခရီးသည်များဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားမှုများအပေါ်တွင် ပြည်သူများ အကျိုးခံစားမှုရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှုလျော့ကျသွားစေရေး၊ CNG သည် စက်သုံးဆီများနှင့်နှိုင်းယှဉ်ပါက သန့်ရှင်းသောစွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသုံးပြုနေကြသကဲ့သို့ မိမိတို့ နိုင်ငံတွင်လည်း တိုးမြှင့်သုံးစွဲနိုင်ရေး၊ ပြည်တွင်းမှထွက်ရှိသည့် CNG ကို တိုးမြှင့်အသုံးပြုနိုင်ခြင်းဖြင့် စက်သုံးဆီဝယ်ယူရမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှုခြိုးခြံချွေတာနိုင်ရေး စသည့် အကျိုးကျေးဇူး များ ရရှိမည်ဖြစ်သဖြင့် ကောင်းမွန်သည့်ရည်ရွယ်ချက်များကိုသိရှိပြီး ၎င်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြစေရန်လိုပါကြောင်း Power Point Slides များဖြင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

          ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ CNG သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက်အရေးကြီးပါကြောင်း၊ ထို့အပြင် စီးနှင်းလိုက်ပါသူ ပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းရေး အလွန်အရေးကြီးပါကြောင်း၊ အဓိကအားဖြင့်လုပ်ငန်းများဆောင်ရွက်ကြရာ တွင် စနစ်တကျရှိစေရေး သက်ဆိုင်ရာ ကုမ္ပဏီများ၊ သုံးစွဲသူများနှင့် တာဝန်ရှိသူများကလည်း မှန်မှန် ကန်ကန်နှင့် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် တာဝန်ရှိသူများကလည်း ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

            ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့ သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များတင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးမှ စနစ်တကျအကောင်အထည်ဖော်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ ရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါသည်။

            သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စနစ်ကျ စွာအသုံးပြုနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့သည် စဉ်ဆက်မပြတ်ထိတွေ့ပြီး  အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံနှင့် အချိန်ဇယားတို့အား ရေးဆွဲသွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

 

Other News