News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီများအား တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိ ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၀ ရက်

20th Apr 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီများအား တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိ

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၀ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့နှင့်ပူးပေါင်း၍  တောင်သူများအား စက်သုံးဆီ အခက်အခဲ ကို လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး အတွက် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာ များသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီ ၆၅၀ ဂါလန် အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြိုနယ်တွင် စက်သုံးဆီ ၁၁၀ ဂါလန်အား လည်းကောင်း၊  မန္တလေးတိုင်းဒေကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်များတွင် စက်သုံးဆီ ၂၂၇၁ ဂါလန်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၄၅၇၈ ဂါလန်အားလည်းကောင်း စုစုပေါင်း ၇၆၀၉ ဂါလန်အား လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချ ခဲ့ပါသည်။ ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ တောင်သူများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Other News