၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၆ ) ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၅.၄.၂၀၂၆ ရက် နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov မှ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် အစိုးရ သစ်တစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်၏ စာမျက်နှာသစ်ဖွင့်လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရုရှားနိုင်ငံ၏ အကြံဥာဏ်၊ နည်း ပညာအကူအညီအထောက်အပံ့များ ရယူဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား ရေနံနှင့် ရေနံထွက်ပစ္စည်းများတင်ပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွှန် လွှာလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Sergei Tsivilev နှင့် တွေ့ဆုံ၍ ကမ္ဘာနိုင်ငံအသီးသီးတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အကျပ်အတည်း အခက်အခဲများဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံသည် သိသာစွာထိခိုက်မှုမရှိဘဲ ပုံမှန်အနေအထားဖြင့် ရပ် တည်လျက်ရှိသည့်အတွက် ရုရှားနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအစီအမံများကို များစွာအားကျ အတုယူရပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ လုံခြုံရေးနှင့် ဖူလုံရေး တို့ အတွက် ရုရှားနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် လျှပ်စစ် နှင့် စွမ်းအင်စီမံကိန်းများအား တွန်းအားပေးဆောင်ရွက်သွားလိုပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်ကုန်သွယ်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများဘက်သို့ တိုးမြှင့် ဆောင် ရွက်လာချိန်တွင် မြန်မာနိုင်ငံ၏ တည်နေရာအနေအထားသည် Energy Hub အဖြစ် အသုံးပြု ဆောင် ရွက်သွားရန် အထူးသင့်လျော်ကောင်းမွန်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ ရည် (LNG)အား မြန်မာနိုင်ငံ သို့ ပို့ဆောင်၍ မြန်မာနိုင်ငံမှ တစ်ဆင့် ပိုက်လိုင်းများကို အသုံးပြု၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ဆက် လက်တင်ပို့နိုင်ရေး ဆောင် ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှပ်နှံနိုင်ရေး ဆောင်ရွက်ရန် အထူးသင့်လျော်ပါကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံစီမံကိန်းများ အကောင် အထည်ဖော် ဆောင် ရွက် နေသည့် ကိစ္စရပ်များကို လျင်မြန်စွာဆောင်ရွက်လိုပါကြောင်း ဆွေးနွေးမှုများအပေါ် ရုရှားနိုင်ငံ စွမ်းအင် ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကဏ္ဍတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားရန်အတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် Energy Hub အနေဖြင့် ဆောင်ရွက်ရန်အတွက် အနေအထားများ ပြည့်စုံ ကောင်းမွန်သဖြင့် ဆောင်ရွက်သွားလိုပါကြောင်း၊ ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွှန်လွှာ(MOU)အမြန် ဆုံး ရေးထိုးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားပါကြောင်း ပြောကြား ခဲ့ပါသည်။
ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌ H.E. Mr.Sholban KARA-OOL က လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့ အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက် သွားလို သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း များအား ရုရှားနိုင်ငံမှ ရေရှည် သဘောတူညီချက်ဖြင့် ဝယ်ယူနိုင်ရေးအတွက် ခိုင်မာသည့် ထောက်ပံ့ရေးလမ်းကြောင်း တစ်ခု တည်ဆောက်သွားလိုသည့် ကိစ္စရပ်များ၊ အရင်းအနှီးကြီးမားသည့် စီမံကိန်း များအတွက် ရုရှား နိုင်ငံမှ အထူးသက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများ ရယူဆောင်ရွက်နိုင်ပါက စီမံကိန်းလုပ်ငန်းများအား ပိုမိုမြန်ဆန်စွာဆောင်ရွက်သွားနိုင်မည့် အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့မှုအပေါ် ဒူမား လွှတ်တော်ဥက္ကဌက မိမိတို့အနေဖြင့် စာချုပ်စာတမ်းများပြုလုပ်ရာတွင် လိုအပ်သည့် ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ရုရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ (MOU) ရေးထိုးနိုင်ခြင်းသည် အလွန်ကောင်းမွန်သည့် ခြေ လှမ်းတစ်ရပ်ဖြစ်ပြီး ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ ပြီး ဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းကို မှာကြားထားပြီးဖြစ်ပါကြောင်း၊ အဆွေတော်၏ ဆွေးနွေးမှု များကို နိုင်ငံတော်အကြီး အကဲများထံ တင်ပြပေးမည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် လည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ရုရှား-မြန်မာ-တရုတ် သုံးနိုင်ငံစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးသည် အလွန်အရေးကြီးသဖြင့် မိမိတို့ဘက်ကလည်း ကြိုးစား ဆောင် ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံပြည်သူများ အေးချမ်းသာယာရေးအတွက် မိမိတို့ရုရှားနိုင်ငံ အနေဖြင့် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် အသင့် ရှိပါကြောင်း ပြော ကြားခဲ့သည်ဟု သတင်း ရရှိပါ သည်။