၂ဝ၂၆ ခုနှစ်၊ ဧပြီလ (၁၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန် အတွက် ၁၂.၄.၂ဝ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ် များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ကူမင်းမြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ် သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော တရုတ် အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Grid၊ Yunnan Energy Group၊ Union Resources & Engineering Co., Ltdı Yunnan Xianshang Export and Import Co.,Ltd တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
China Southern Power Grid နှင့် တွေဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ မဲခေါင်မြစ်ကြောင်းတလျောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများ၊ လာအို-မြန်မာနယ်စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှုအခြေအနေများ၊ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာ နိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့်ဒေသ များသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ယက်တည်ဆောက်ရန် ကြိုတင် အစီအမံပြုလုပ်၍စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း ဓာတ်အား ဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေး ဆောင်ရွက်လိုသည့် အခြေအနေများ၊ စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေး EV Charging Stations များကို ဆိုလာနှင့်ပေါင်းစပ်၍ မြန်မာဓာတ်အားစနစ်နှင့်ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။