News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

10th Nov 2023

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

               စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

                  တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ ရေနံချက် စက်ရုံများနှင့် ဓာတ်မြေဩဇာစက်ရုံများအား အဆင့်မြှင့်တင်မွမ်းမံပြုပြင်ရေးဆိုင်ရာကိစ္စ ရပ်များအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

                  အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Other News