News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Ros Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

09th Nov 2023

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတလက်ထောက်နှင့် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၏ အကြံပေးဖြစ်သူ မစ္စတာ ရှာတီရော့ဗ် ဆာဂေးဗလာမီဒီရိုဗစ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

                တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရေးကိစ္စများ၊ ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နည်းပညာဆိုင်ရာ အထောက်အပံ့ရရှိရေးနှင့် Digital Monitoring Software အသုံးပြုနိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းရေနံမြေ များနှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်း ၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေး၊ ကျောက်မီးသွေးသိုက်များအတွင်း ခိုအောင်းနေသည့် သဘာဝဓာတ်ငွေ့ (Coal bed Methane) များအားတိုက်ရိုက်ထုတ်ယူခြင်း နှင့်စပ်လျဉ်း၍ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေ ဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

                အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News