News

Home News detail

စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းမိသားစု၏ ၂၀၂၅ ခုနှစ်၊ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

18th Jul 2025

စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းမိသားစု၏ ၂၀၂ ခုနှစ်၊ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂ခုနှစ်၊ ဇူလိုင်လ၊ ၁၈ ရက်

စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းမိသားစု၏ ၂၀၂ ခုနှစ်၊ (၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ၂၀၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ သာသနာနှစ် ၂၅၆ခု၊  ကောဇာသက္ကရာဇ် ၁၃၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉  ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စွမ်းအင်ဝန်ကြီးဌာန၊  ရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများဖြစ်ကြသည့် ပျဉ်းမနား မြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်မှ ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသ အမှူးပြုသောဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသောဝန်ထမ်းမိသားစု များမှ  နမောတဿ(၃) ကြိမ်ရွတ်ဆိုကာ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်မှ ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသနှင့်ပင့်ဖိတ် ထားသော သံဃာတော် (၉) ပါးမှ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်ကို နာယူကြည်ညို ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော် ထံသို့လည်းကောင်း၊ ဒုတိယဝန်ကြီးမှ အရိယဝံသကျောင်းတိုက်ဆရာတော်ကြီးထံသို့လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများမှ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် ကြီးများထံသို့လည်းကောင်း ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

ဆက်လက်၍ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ်ရွတ်ဆို၍ အခမ်း အနားအား ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးအမှူးပြုသော ဝန်ထမ်းမိသားစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Other News