၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်
ငါးသယံဇာတများ တိုးပွားစေရန်အတွက် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားများကို ကျင်းပဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်း အနားကို ယနေ့ညနေပိုင်းက စွမ်းအင်ဝန်ကြီးဌာန ပရဝဏ်အတွင်းရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန/ လုပ်ငန်းများမှညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများတက်ရောက် ခဲ့ကြပါသည်။
ဦးစွာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လျှိုပိတ်ဆည်အတွင်းသို့ ငါးမျိုးစိုက် ထည့်ပေးခဲ့ပြီး ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများက ငါးမျိုးများစိုက်ထည့်ပေးခဲ့ပါသည်။ ယနေ့စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာနမှပံ့ပိုပေးသော ငါးမြစ်ချင်းငါးသားပေါက်ကောင် ရေ ၃၀၀၀ ကိုစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။