Corporate Social Responsibility

Home Corporate Social Responsibility detail

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (CSR) လူမှုစီးပွားဖွံ့ဖြိုးရေးဆောင်ရွက်ချက်

08th Dec 2023

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်း၊ မီးသွေး သို့မဟုတ် လျှပ်စစ်ဓာတ်အားသုံးစွဲမည့်အစား ရေနံဓာတ်ငွေ့ရည်(LPG)ကို အစားထိုးသုံးစွဲခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သစ်တောသယံဇာတပြုန်းတီးမှုကို လျော့ချနိုင်ပြီး လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်သောနေရာများတွင် ပိုမိုသုံးစွဲလာနိုင်ရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်နိုင် စေရေး ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတီ္ထလာခရိုင်၊ မိတီ္ထလာမြို့နယ်၊ ရှမ်းတဲကျေးရွာ အုပ်စုမှ ကျေးရွာ(၇)ရွာရှိ အိမ်ထောင်စု(၂၀၀)သို့ ပထမ အကြိမ်အဖြစ် Elite Petrochemical Co.,Ltd မှ (၄)ကေဂျီဆံ့ ရေနံဓာတ်ငွေ့ရည်အိုးနှင့် ဆက်စပ်ပစ္စည်းများပါဝင်သော မီးဖိုများကိုဝေငှပေးခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု (၃၅)စုသို့ ရေနံဓာတ်ငွေ့ရည်အိုးနှင့် ဆက်စပ်ပစ္စည်းများပါဝင်သော မီးဖိုများကိုဝေငှပေးခဲ့ခြင်းနှင့် ရေနံဓာတ်ငွေ့ရည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲတတ်စေရန် လက်တွေ့သရုပ်ပြသင်ကြား ပေးခြင်းဆောင်ရွက်ခဲ့သည့်အပြင် ရေနံဓာတ်ငွေ့ရည် အိုးခွံအလွတ်များအား ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(နေပြည်တော်)တွင် ဖြည့်တင်းခြင်းလုပ်ငန်းများဆောင်ရွက်၍ ဖြည့်တင်း ပြီး ရေနံဓာတ်ငွေ့ရည်အိုးများကို ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(မိတီ္ထလာ)သို့ ပေးပို့၍ ရေနံဓာတ်ငွေ့ ရည်အိုးများ လဲလှယ်ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Other CSR