Announcements

Home Announcements detail

စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိနေမှု

08th Mar 2026

စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိနေမှု

ရက်စွဲ၊ ၈-၃-၂၀၂၆

 

        မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန် တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ် ရေးဆွဲကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ၈-၃-၂၀၂၆ ရက်နေ့ သင်္ဘောတင်သွင်းရောက်ရှိမှုအခြေအနေမှာ သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော (၂) စီး၊ လမ်းခရီးတွင် သင်္ဘော (၄) စီး၊ ဆီတင်လျက်ရှိသည့် သင်္ဘော (၃) စီး နှင့် ဆီတင်ရန်စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော (၅) စီး ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Other Announcements

Tender Lists