Vietnam-China-ASEAN Energy International Exhibition and Forum (2025) သို့ စိတ်ဝင်စားသည့် စွမ်းအင်ကုမ္ပဏီများအနေဖြင့် ဝင်ရောက်ပါဝင်နိုင်ပါကြောင်း ဖိတ်ကြားခြင်း
ဒေသတွင်း ကာဗွန်ထုတ်လုပ်မှုနည်းပါးစေရန်နှင့် Green Energy Transition ကို မြှင့်တင်ရန်အတွက် စွမ်းအင်ကဏ္ဍကွန်ရက်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများ ဖလှယ်ရန်နှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ လျှပ်စစ်ကောင်စီ (China Electricity Council) နှင့် ဗီယက်နမ်နိုင်ငံစွမ်းအင်အသင်း (Vietnam Energy Association) တို့ ပူးပေါင်းကာ Vietnam-China-ASEAN Energy International Exhibition and Forum (2025) ကို “Cooperation and development of Vietnam-China-ASEAN electricity – oil and gas – coal, minerals and green energy industries for mutual benefit and towards low carbon emissions” ဆောင်ပုဒ်ဖြင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ မှ (၂၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အစိုးရဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဗီယက်နမ်နိုင်ငံ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့်သတ္တုတွင်းထွက်များ ထုတ်လုပ်သည့် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းရင်းနှီးမြှုပ်နှံသူများ၊ သုတေသန ပညာရှင်များ၊ နည်းပညာနှင့်စက်ကိရိယာထုတ်လုပ်သူများနှင့် မီဒီယာမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက် ကြမည်ဖြစ်ပြီး ဗီယက်နမ်၊ တရုတ်နှင့်အာဆီယံနိုင်ငံများရှိ စီးပွားရေး လုပ်ငန်းကြီးများက စွမ်းအင်ကဏ္ဍကိုယ်စားပြု ပြခန်းပေါင်း (၅၀၀)ကျော်ဖြင့် ခင်းကျင်းပြသ သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါဖိုရမ်သို့ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စွမ်းအင် ကုမ္ပဏီများအနေဖြင့် ပါဝင်တက်ရောက်နိုင်ပါကြောင်းနှင့် ပြခန်းများ ဝင်ရောက်ပြသနိုင်ပါကြောင်း၊ စိတ်ပါဝင်စားမှုရှိပါက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်မတိုင်မီ Mr. Nguyen Tien Sy ၊ တယ်လီ ဖုန်းနံပါတ် +၈၄-၉၆၉.၉၉၈၈၁၁၊ အီးမေးလ် - tiensy@nangluo ngvietnam.vn. သို့ ဆက်သွယ် ပေးပို့နိုင်ပါကြောင်းနှင့် myanenergy.policy@gmail.com သို့ မိတ္တူပေးပို့ပေးစေလိုပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။