ရွေးချယ်ခံရသူများ အမည်စာရင်းထုတ်ပြန်ကြေညာခြင်း
၁။ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်
ရှိသော ပြင်ပဝင်ပေါက်ရာထူးနေရာများဖြစ်သည့် စက်မှုစီမံရေး(၂)/ စစ်ဆေးရေးမှူး(၂)၊ ဓာတ်ခွဲကျွမ်းကျင်(၂)၊
ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊ စက်မှုစီမံရေး(၄)/ စစ်ဆေးရေးမှူး(၄)၊ ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင်
ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ပြီး
ရွေးချယ်ခံရသူများ၏အမည်စာရင်းများကို ပူးတွဲ ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ အဆိုပါ ရာထူးနေရာများအတွက် ရွေးချယ်ခံရသူများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ရုံးအမှတ်(၆)၊ နေပြည်တော်သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ၁၂.၃.၂၀၂၄ ရက်နေ့(အင်္ဂါနေ့)နံနက် ၉:၃၀ နာရီအချိန်အရောက် သတင်းပို့ရမည်ဖြစ်သည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
( ခ ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)
( ဂ ) ဘွဲ့လက်မှတ်(မူရင်း)
(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏
ထောက်ခံချက်(မူရင်း)
( င ) သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
( စ ) ၁ လက်မ X ၁.၂၅ လက်မ အရွယ်အစာရှိ လိုင်စင်ဓာတ်ပုံ (၅)ပုံ
(ဆ) အလလခ ပုံစံ (၂) (မူရင်း)
၃။ ရွေးချယ်ခံရသူများအနက်မှ သတ်မှတ်ထားသောနေ့ရက်တွင် လာရောက်သတင်းပို့ရန်ပျက်ကွက်
သူများနှင့် အကြောင်းအရာတစ်မျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်သူများ၏ ရာထူးနေရာ
များ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ပုဒ်မ ၂၀ (င)(၉) အရ ဝန်ထမ်းရွေးချယ်ခန့်ထားရေး အရန်စာရင်းရှိ
အမှတ် အများအနည်းအလိုက် တန်းစီဇယား အမှတ်စဉ်အတိုင်း အစားထိုးဖြည့်စွက်ရွေးချယ် ခန့်ထားမည် ဖြစ်ပါသည်။
၄။ အသေးစိတ်သိရှိလိုပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၁၁၄၈၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန