လျှောက်လွှာခေါ်ယူခြင်း
၁။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ဖော် ပြပါ ရာထူးနေရာ(၂၆)အတွက် ယှဉ်တွဲပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက် ထားနိုင်ပါသည်-
စဉ် |
ခန့်ထားမည့်ရာထူး |
လစာနှုန်း |
ပညာအရည်အချင်း |
လစ်လပ် |
(က) |
စာရင်းကိုင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.Com/B.Act/ B.BA/B.Econ |
၂ |
(ခ) |
စက်မှုကျွမ်းကျင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.E(Mech) |
၂ |
(ဂ) |
ကွန်ပျူတာလုပ်ဆောင်ရေးမှူး |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.C.Sc/B.C.Tech |
၃ |
(ဃ) |
ထုတ်လုပ်ရေးကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ |
၁၂ |
(င) |
စက်မှုကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ/AGTI/ EGTI/GTC |
၄ |
(စ) |
လျှပ်စစ်ကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ/AGTI/ EGTI/GTC |
၃ |
၂။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ် ပါက အသက် (၄၀) နှစ်ထက် မကြီးသူဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်ရမည်။
(ဃ) အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)အောင်လံမြို့နယ်၊ မကွေးတိုင်းဒေသကြီး ၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့်အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)၊ ကန်ကြီးထောင့်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် တာဝန်ထမ်းဆောင်နိုင်သူများဖြစ်ရပါမည်။
(င) စာပိုဒ်(၁)ပါစဉ်(က)နှင့် (ဂ) ရာထူးများသည် လိုအပ်ပါက လုပ်ငန်း၊ ရုံးချုပ်၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ရပါမည်။
(စ) ရွေးချယ်ခန့်အပ်ခြင်းခံရပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပုံစံကို စွမ်းအင်ဝန်ကြီးဌာန၏ Website ဖြစ်သော www.energy.gov.mm မှ Download ရယူ၍ လျှောက်လွှာတွင်ပါရှိသည့်အချက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး အောက်ဖော်ပြပါ အထောက်အထား များနှင့်အတူ ပူးတွဲတင်ပြလျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ
(ခ) ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူမှန် (ဖြေဆိုခွင့် ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြရမည်။)
(ဂ) အသက်အထောက်အထားစိစစ်ရန် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူမှန် (မူရင်းတင်ပြရမည်။)
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း (ဖြေဆို ခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြရမည်။)
(င) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ(၃)ပုံ။ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရေးသား ဖော်ပြရမည်။)
(စ) လျှောက်လွှာပိတ်ရက် မတိုင်မီ (၁) လအတွင်း ထုတ်ပေးထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံ ချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ထောက်ခံချက် မူရင်း။
၄။ လျှောက်လွှာများကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်သို့ ၉- ၂ -၂၀၂၄ ရက်နေ့ (လျှောက်လွှာပိတ်ရက်) ရုံးချိန်အရောက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။ သတ်မှတ်ထားသည့် စာရွက်စာတမ်းများမပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း လျှောက်လွှာများကို(လုံးဝ)လက်ခံစဉ်းစားမည် မဟုတ်ပါ။
၅။ လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲကို ၁၇ - ၂ - ၂၀၂၄ ရက်နေ့တွင် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄)၊ နေပြည်တော်တွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတု ဘာသာရပ်များကို ၉:၀၀နာရီ မှ ၁၂:၀၀ နာရီထိ ဖြေဆိုရမည်ဖြစ်ပြီး ယင်းနေ့ နေ့လယ် ၁:၀၀ နာရီချိန်တွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ပါသည်။
၆။ သတ်မှတ်ထားသည့်အချက်များနှင့်ပြည့်စုံသော ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းအား ဖော်ပြပါ Website >> တွင် ကြိုတင်ကြေညာ ပေးသွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်များအား ၁၆-၂-၂၀၂၄ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း ရုံးအမှတ်(၄၄)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။
၇။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂ နှင့် ၀၆၇-၃၄၁၁၁၇၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
စွမ်းအင်ဝန်ကြီးဌာန