နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်း အမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ် ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့် တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ် စေ ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးဟူ၍ နည်းလမ်း ၂ ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိနေပါ သည်။
ယင်းသို့ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင် ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများ၊ စီမံ ကိန်းများသည် လျင်မြန်စွာအကောင်အထည်ပေါ်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ်သိသာစွာ တိုးမြှင့် ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေး စနစ်တို့နှင့် ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန်နှင့် ဆွေးနွေးလိုသည့် ခေါင်း စဉ်များကို အောက်ဖော်ပြပါ ဖုန်းနံပတ်များသို့ ဆက်သွယ်ပေးပို့ကြပါရန် အသိပေး ဖိတ်ခေါ်အပ်ပါသည်-
ဆက်သွယ်ရန် - ဦးမျိုးသန့်ထွန်း၊ ညွှန်ကြားရေးမှူး
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
၀၉ ၄၃၀၁၆၆၉၀၊ ၀၆၇ ၃၄၁၀၄၇၁
dgdptsc2021@gmail.com
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန