Announcements

Home Announcements detail

စက်သုံးဆီများဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေအသိပေးထုတ်ပြန်ခြင်း

06th Apr 2026

စက်သုံးဆီများဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေအသိပေးထုတ်ပြန်ခြင်း

         နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် အဓိကအသုံးပြုလျက်ရှိပါသည်။

         သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ တစ်ဝှမ်းစက်သုံးဆီအခက်အခဲများဖြစ်ပေါ်လာချိန်တွင် ဝယ်ယူတင်သွင်းမှုကို အားပြု နေရသည့် မိမိတို့ကဲ့သို့နိုင်ငံများအနေဖြင့် လွန်စွာခက်ခဲစေသည့် အခြေအနေတစ်ရပ် ကို ရင်ဆိုင်နေကြရပါသည်။

         နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကိုဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ ဒီဂျစ်တယ်နည်းပညာအခြေပြုရောင်းချသည့်စနစ်များဖြင့် ကြပ်မတ် ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့ သည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီ သုံးစွဲ မှုကို သိသာစွာလျော့ချနိုင်ခဲ့ပါသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ယနေ့ထိ စာရင်းများအရ နေ့စဉ် ပျှမ်းမျ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ ဂါလန်သန်းမှ ၂.၅ ဂါလန်သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းသို့ နေ့စဉ် ပျှမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေမည် ဖြစ်သည့်အပြင် အရံဆီသိုလှောင်နိုင်မှု၁၀ ရက်စာပိုမိုသိုလှောင်လာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ၅ သန်းခန့်တင်သွင်း နေရသဖြင့် အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ကျော်သုံးစွဲရမည်ဖြစ်ရာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်  လျော့နည်းသက်သာစေမည်ဖြစ်ပါသည်။

နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်းသင်္ဘော ၂၆ စီး ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ပါ သည်။ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူ ရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပြီးပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။

အခြေအမြစ်ခိုင်လုံမှုမရှိသည့် သတင်းများဖော်ပြခြင်း၊ ပြည်သူများစိုးရိမ်ကြောင့် ကြမှု မြင့်တက်စေရန် ရည်ရွယ်သည့် ခေါင်းစဉ်များတပ်၍ ဖော်ပြခြင်းတို့ကို ပြုလုပ်နေ သည့် မီဒီယာများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဆက်သွယ်၍ သတိပေးလျက် ရှိပါ သည်။

ပြည်သူများအနေဖြင့်ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်း များအတိုင်းလိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း QR Code ဖြင့် ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ် ဆီဖြည့်တင်းခွင့် ရရှိ နေခြင်း ရှိနေသည့်အတွက် ကြောင့်ကြကင်းစွာရောင်းချဝယ်ယူကြပါရန်နှင့် အခက်အ ခဲများ ရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပူးပေါင်း ဆောင် ရွက်ကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

         စွမ်းအင်ဝန်ကြီးဌာန

Other Announcements

Tender Lists