Announcements

Home Announcements detail

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှု များအပေါ် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ

31st Mar 2026

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှု များအပေါ်  အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ

ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအား အလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမှ တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center သို့နေ့စဉ် နံနက် (၆)နာရီမှ ည(၁၀) နာရီ အထိ မေးမြန်းလာမှု များအပေါ် ဖြေရှင်းပြန်ကြား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူရာတွင် သိရှိလိုသည်များကို စုံစမ်းမေးမြန်းခြင်း အပြင် ဝယ်ယူသုံစွဲသူများထိခိုက်နစ်နာစေသည့် ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကို Call Center သို့ သတင်းပေးပို့ တိုင်းကြား လာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ အရောင်းဆိုင်ယာယီ ပိတ်သိမ်း ခြင်းနှင့်အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူထားရှိမှုအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ “TGB” စက်သုံးဆီ အရောင်းဆိုင်၊  ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ “Terminal 001” စက်သုံးဆီ အရောင်းဆိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ “Away” စက်သုံးဆီ အရောင်းဆိုင်၊ အမရပူရမြို့နယ်ရှိ “အောင်ဗိုလ်ဟိန်း” စက်သုံးဆီအရောင်းဆိုင်၊ စဥ့်ကိုင်မြို့နယ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ “အောင်သန်းကျော်” စက်သုံးဆီ အရောင်းဆိုင်၊ “အောင်သိဒ္ဒိ” စက်သုံးဆီ အရောင်း ဆိုင်၊ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ “မိုးကောင်းကင်” စက်သုံးဆီအရောင်းဆိုင်၊ “စွမ်းအင်” စက်သုံးဆီအရောင်းဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်ရှိ “Apex” စက်သုံးဆီ အရောင်းဆိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ “BOC” စက်သုံးဆီ အရောင်းဆိုင်၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ”  စက်သုံးဆီ အရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love- 01” စက်သုံးဆီအရောင်းဆိုင်၊  ကျိုက်မရော မြို့နယ်ရှိ “Puma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီ အရောင်းဆိုင်၊ စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် (၁၇)ဆိုင်ကို အရေးယူထားရှိခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Bar Code/ QR Code များဖြင့် ရောင်းချနေမှုများကို Online Monitoring Center မှ စောင့်ကြည့်ကြပ်မတ်ခြင်းများဆောင်ရွက်လျက်ရှိရာ Bar Code/ QR Code  များ Scan ဖတ်ခြင်း မပြုဘဲရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီ အရောင်းဆိုင်(၃)ဆိုင်၊ ရန်ကုန်တိုင်း‌ဒေသကြီးမှ အရောင်းဆိုင်(၄)ဆိုင်၊ မန္တလေး တိုင်းဒေသကြီးမှ အရောင်းဆိုင်(၁၀)ဆိုင်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အရောင်းဆိုင် (၇)ဆိုင်တို့အား ပြင်းထန်စွာ သတိ‌ပေးထားရှိပြီး ညွှန်ကြားချက်များအားလိုက်နာမှုမရှိကြောင်း ထပ်မံစိစစ် တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။

စွမ်းအင်ဝန်ကြီးဌာန

 

 

Other Announcements

Tender Lists