Announcements

Home Announcements detail

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်း တိုင်ကြားနိုင်ကြောင်း သတင်းရရှိ

28th Mar 2026

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်း တိုင်ကြားနိုင်ကြောင်း သတင်းရရှိ

ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအား အလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၇-၃-၂၀၂၆ ရက်နေ့မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ ကျန်မြို့များတွင်လည်း ယခုစနစ်အား ဆက်လက်အကောင်အထည်ဖော်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကိုဖွင့်လှစ်ထားရှိပြီး နေ့စဉ် နံနက်(၆)နာရီမှ ည(၁၀)နာရီ အထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိ ပါသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊   ၀၉ ၄၄၀၄၃၃၃၂၄ နှင့် ၀၉ ၈၉၉၁၂၉၂၉၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်းရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံးပေပါများဖြင့် တရားမဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်း အမှတ်များသို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက် စာတမ်းများ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉ ၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြား နိုင်ပါသည်။

အချက်အလက်ပြည့်စုံစွာဖြင့်တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာအရေးယူဆောင်ရွက်မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းမကြီး(လမ်းဟောင်း)ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိပြီး အဆိုပါအရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို  Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် (၃၀)ခန့်ကို နောက်ဆုံး အကြိမ်သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

Other Announcements

Tender Lists