ရွေးချယ်ခံရသူများအမည်စာရင်း ထုတ်ပြန်ကြေညာခြင်း
၁။ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော လုပ်သားရာထူးနှင့်သန့်ရှင်းရေးအကူရာထူးနေရာအတွက် လူတွေ့စစ်ဆေးခြင်း ဖြေဆို အောင်မြင်ပြီး ရွေးချယ်ခံရသူများ၏ အမည်စာရင်းများကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ လုပ်သားရာထူးနှင့်သန့်ရှင်းရေးအကူရာထူးနေရာအတွက် ရွေးချယ်ခြင်းခံရသူများသည်
အမည်နှင့်ယှဉ်တွဲပါ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်နှင့်
ပြည်နယ်/တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ ၁၀.၃.၂၀၂၅ ရက်နေ့(တနင်္လာနေ့) နံနက် ၀၉ : ၃၀ အချိန်၌ အလုပ်သမားမှတ်ပုံတင်ကတ်ပြား၊ အလလခ(ပုံစံ-၂)(မူရင်း)နှင့်အတူ သွားရောက် သတင်းပို့ ဆက်သွယ်ရမည် ဖြစ်သည်။
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန