News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး တွေ့ဆုံဆွေးနွေး နေပြည်တော်၊ စက်တင်ဘာလ ၁၉ ရက်

19th Oct 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ

ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာလ ၁၉ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် အထွက်နှုန်း တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စ၊ စီမံကိန်းအသစ်များတွင် ထပ်မံ၍ရင်းနှီးမြှုပ်နှံ သွားလိုသည့်ကိစ္စ၊ ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် ပိုက်လိုင်းများစွမ်းဆောင်ရည် အပြည့်အဝ အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စ၊ မြန်မာ-ထိုင်း-ရုရှား (၃)နိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စ၊ သံလွင် မြစ်ဝှမ်းနှင့် တနင်္သာရီမြစ်ဝှမ်းများရှိ ရေအားလျှပ်စစ်စီမံကိန်းများတွင် ထိုင်းနိုင်ငံမှကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်သွားလိုသည့်ကိစ္စ၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကိစ္စများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများပါဝင်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်လို သည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး၊  ထိုင်းနိုင်ငံရှိ PTT၊ PTTEP ကုမ္ပဏီနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(EGAT)တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် လိုက်ပါလျက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ရာ တာဝန်ရှိသူများက ဘုရားကြီးထုဆစ်ကိုးကွယ်ခဲ့မှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

Other News