Services

Home Services detail

ရေနံလက်ယက်တွင်းလုပ်ငန်းဆိူင်ရာလုပ်ထုံးလုပ်နည်းများ

01st Dec 2023

လုပ်ထုံးလုပ်နည်း

  • ရေနံလက်ယက်တွင်းလုပ်ငန်းဆောင်ရွက်လိုသူ၏ လျှောက်ထားလုပ်ကွက် ဧရိယာ သည် သစ်တောကြိုးဝိုင်း၊ သာသနာ့မြေ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၊ လမ်းမြေ၊ ရွာမြေ၊ သင်္ချိုင်းမြေ၊ စိုက်ပျိုးမြေ၊ မြေရိုင်းစိုက်ပျိုးခွင့်ပြုမိန့်ရရှိပြီးနယ်မြေများ၊ နိုင်ငံတော်စီမံကိန်း များ၊ မဟာဓတ်အားလိုင်း၊ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်း၊ မြေအောက် Cable လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ခွင့်ပြုထားပြီးဖြစ်သည့်ရေနံလက်ယက်တွင်းလုပ်ကွက်များ၊ တပ်မြေဧရိယာများ၊ မြို့မြေ၊ ရေနံမြေ၊ ရတနာမြေ၊ သတ္တုတွင်းမြေ၊ မီးရထားမြေတို့နှင့် ကင်းလွတ်ရမည်။
  • သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသည် ရေနံလက်ယက်တွင်းလုပ်ငန်း ဆောင်ရွက်လိုသူများ၏ မူရင်းလျှောက်လွှာများ၊ သက်ဆိုင်ရာမြို့နယ်/ ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့၏ထောက်ခံ ချက်တို့နှင့်အတူ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများလုပ်ကိုင်ခြင်းကို ကန့်ကွက်ရန်မရှိ ပါကြောင်း ထပ်ဆင့်ထောက်ခံ၍ စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့လျှောက်ထားရပါသည်။
  • စွမ်းအင်ဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ထောက်ခံပေးပို့လာသော လျှောက်ထားလုပ်ကွက်များ၏နယ်နမိတ်၊ မြေပုံညွှန်းများ သည် စွမ်းအင်ဝန်ကြီးဌာနမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသောရေနံမြေများ၊ နိုင်ငံခြားရေနံကုမ္ပဏီများအကျိုးတူပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေသော လုပ်ကွက် များ၊ စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသော အခြားလက်ယက်တွင်းတိမ်လုပ်ကွက် များနှင့်လွတ်ကင်းခြင်းရှိ/ မရှိ စိစစ်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP)အား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံခြင်းတို့ ဆောင်ရွက် ပါသည်။
  • စွမ်းအင်ဝန်ကြီးဌာနမှ စိစစ်သည့်အချက်များနှင့်ကင်းလွတ်မှုရှိသော လုပ်ကွက်များအား လုပ်ကွက်ဧရိယာ ၁ ဧကအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိန့်ကြော် ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့တွင် ပေးသွင်းစေပြီး ငွေသွင်းပြေစာမူရင်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာနသို့ ပေးသွင်းရန်ရှိသည့် လျှောက်လွှာကြေးနှင့်လိုင်စင်ကြေးတို့ကို ပေးသွင်းကြရမည်ဖြစ်ပါသည်။
  • စွမ်းအင်ဝန်ကြီးဌာနသည် ခွင့်ပြုမိန့်(အသစ်)ရရှိသူများထံ လျှောက်လွှာကြေး ၁၀၀၀၀၀ ကျပ်(တစ်သိန်းကျပ်)နှင့် လိုင်စင်ကြေး ၃၀၀၀၀၀ ကျပ်(သုံးသိန်းကျပ်)၊ ခွင့်ပြုမိန့် (အသစ်)အတွက် စုစုပေါင်း ၄၀၀၀၀၀ ကျပ် (လေးသိန်းကျပ်)ကို လည်းကောင်း၊ ခွင့်ပြုမိန့် (သက်တမ်းတိုး) ရရှိသူများထံမှ လျှောက်လွှာကြေး ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်) နှင့် လိုင်စင်ကြေး ၂၀၀၀၀၀ ကျပ် (နှစ်သိန်းကျပ်)၊ ခွင့်ပြုမိန့် (သက်တမ်းတိုး)အတွက် စုစုပေါင်း ၃၀၀၀၀၀ ကျပ်(သုံးသိန်းကျပ်)ကိုလည်းကောင်း အသီးသီးကောက်ခံရရှိပါသည်။
  • ထိုသို့ကောက်ခံရန်ရှိသည့် အခွန်အခများပေးသွင်းပြီးသောလုပ်ကွက်များအား စွမ်းအင် ဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးသို့တင်ပြခွင့်ပြုချက်ရယူပြီး ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြ၍ ခွင့်ပြုပါကမိမိတို့ဝန်ကြီးဌာနမှရေနံလက်ယက်တွင်း မှ ရေနံတူးဖော်ခြင်းနှင့်ရေနံထုတ်လုပ်ခြင်းလုပ်ငန်းလိုင်စင်များထုတ်ပေးပါသည်။
  • လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကြိုတင်စီမံချက်၊ လုပ်ငန်းပြီးဆုံးပါက မိမိတို့လုပ်ကိုင် ခွင့်ရခဲ့သောဧရိယာ၏သဘာဝပတ်ဝန်ကျင်ကို မူလအခြေအနေအတိုင်းဖြစ်အောင် ပြုပြင် ဆောင်ရွက်ခြင်း (reinstatement) ပြုလုပ်ပေးပါမည်ဖြစ်ကြောင်း ကတိဝန်ခံချက်တို့ကိုပါ တစ်ပါတည်းပူးတွဲ တင်ပြရန်လိုအပ်မည်ဖြစ်ပါသည်။

 

၁။      လုပ်ကိုင်ဆောင်ရွက်လိုသော လုပ်ကွက်ကို မြေပုံကြမ်းဆွဲရန်

၂။      မြို့နယ် ထောက်ခံချက်ရယူရန်

၃။      ခရိုင် ထောက်ခံချက်ရယူရန်

၄။      တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ခံချက်ယူရန်

၅။      စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့ရန် (တိုင်းမှ)

၆။      စွမ်းအင်ဝန်ကြီးဌာနမှဆက်လက်ဆောင်ရွက်ရန် (

လိုင်စင်(အသစ်)အတွက်

(က)    MOGE  သို့ စစ်ဆေးရန်

(ခ)     သယံဇာတသို့ EMP  အတည်ပြုချက်သဘောထားတောင်းရန်

(ဂ)     EMP  အတည်ပြုချက် ရရှိပါက EC တင်ရန်

(ဃ)    စီးပွားရေးရာကော်မတီသို့တင်ပြခွင့်ပြုချက်တောင်းရန်

(င)     ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြခွင့်ပြုချက်တောင်းရန်

(စ)      လိုင်စင်ခွင့်ပြုပေးရန်

လိုင်စင်(သက်တမ်းတိုး)အတွက်

(က)    MOGE  သို့ စစ်ဆေးရန်

(ခ)     EMP  အတည်ပြုချက် ရရှိပြီးဖြစ်သည့်အတွက် EC တင်ရန်

(ဂ)      လိုင်စင်ခွင့်ပြုပေးရန်