၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်
စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းမိသားစု၏ ၂၀၂၄ ခုနှစ်၊ (၁၃) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ သာသနာနှစ် ၂၅၆၈ခု၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ၆၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများဖြစ်ကြသည့် ပျဉ်းမ နားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်မှ ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသောဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်း မိသားစုများ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသောဝန်ထမ်းမိသားစု များမှ နမောတဿ(၃) ကြိမ်ရွတ်ဆိုကာ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်မှ ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသနှင့်ပင့်ဖိတ် ထားသော သံဃာတော် (၉) ပါးမှ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်ကို နာယူကြည်ညို ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော် ထံသို့လည်းကောင်း၊ ဒုတိယဝန်ကြီးမှ အရိယဝံသကျောင်းတိုက်ဆရာတော်ကြီးထံသို့လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများမှ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် ကြီးများထံသို့လည်းကောင်း ဝါဆိုသင်္ကန်းနှင့် နဝကံမလှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းကြပါသည်။
ဆက်လက်၍ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ ဆရာတော်မှ အနုမောဒနာတရားနာယူချီးမြှင့်တော်မူကြပြီး ကုသိုလ် ကောင်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားအပြီးတွင် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး အမှူးပြုသော ဝန်ထမ်းမိသားစုများမှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။