News

Home News

Latest News

သဘာဝဓာတ်ငွေ့တိုးမြှင့်သုံးစွဲနိုင်ရန်နှင့် စနစ်တကျအသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ၊ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီလ ၂၇ ရက် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဆိုင်ဧရိယာအတွင်း အရောင်းဆိုင် အဆောက် အဦးများ ဆောက်လုပ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ မြေထိန်းနံရံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ကာရံခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မီးသတ် ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်မှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှု လျှော့ချနိုင်ရေး၊ လူနေမှုစနစ် မြင့်မားစေရေး အတွက် ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာ အစားထိုးအသုံးပြုလာနိုင်စေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးနှင့် ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် သီးပင်၊ စားပင်နှင့် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက် သွားရန်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ရေနံဓာတ်ငွေ့ရည်အား သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
28th Apr 2024

သဘာဝဓာတ်ငွေ့တိုးမြှင့်သုံးစွဲနိုင်ရန်နှင့် စနစ်တကျအသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ၊ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့...


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
27th Apr 2024

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား စွမ်းအင်ဝန်ကြီးဌာန၊ ဒု...


စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် The Eurasian Economic Commission မှ Member of the Board (Minister)  H.E. Mr. Sergei GLAZEV ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
10th Apr 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် The Eurasian Economic Commission မှ Member of the Board (Minister)...


စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာနှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ နေပြည်တော် ဧပြီလ ၁၀ ရက်
10th Apr 2024

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာနှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ နေပြည်တော် ဧပြီလ ၁၀ ရက်


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်
05th Apr 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးအလုပ်ရုံဆ...


ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးတက်ရောက်
01st Apr 2024

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင...


ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ နေပြည်တော်၊ မတ် လ (၂၄) ရက်
24th Mar 2024

ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ နေပြည်တော်၊ မတ် လ (၂၄) ရက်


စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေနှင့် ညောင်တုန်းရေနံဓာတ်ငွေ့ရည်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုအားပေး
01st Mar 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ရေနံနှင့်...


စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)အားသွားရောက်ကြည့်ရှုစစ်ဆေး
01st Mar 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)အားသွားရောက်ကြည့်ရှုစစ်ဆေး