Announcements

Home Announcements detail

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရေးဖြေစာမေးပွဲအောင်မြင်သူများအနက် လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

28th Feb 2024

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ရေးဖြေစာမေးပွဲအောင်မြင်သူများအနက် လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများစာရင်း

ထုတ်ပြန်ကြေညာခြင်း

              

၁။      စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်

ရှိသော ပြင်ပဝင်ပေါက်ရာထူးနေရာများဖြစ်သည့် စက်မှုစီမံရေး(၂)/ စစ်ဆေးရေး မှူး(၂)၊ဓာတ်ခွဲကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊  အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊  စက်မှုစီမံရေး(၄)/ စစ်ဆေးရေးမှူး(၄)၊ ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒုတိယ လက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ၃.၂.၂၀၂၄  ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း

ဖြေဆိုခွင့် ရရှိသူများ၏ အမည်စာရင်းအား ပူးတွဲ ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

 ၂။      လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများအနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မှအပ   

 ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဖြေဆိုခွင့်ရရှိသူများအား လူတွေ့စစ်ဆေးခြင်းကို

 ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၆)၊ နေပြည်တော်တွင် အောက်ဖော်ပြပါ

 အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

စဉ်

ရာထူး

လူတွေ့ဖြေဆိုရမည့်နေ့ရက်

(က)

စက်မှုစီမံရေး(၂)/ စစ်ဆေးရေးမှူး(၂)၊ ဓာတ်ခွဲကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊  

၅ .၃.၂၀၂၄

(နံနက်ပိုင်း)

( ခ )

အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊ စက်မှုစီမံရေး(၄)/ စစ်ဆေးရေးမှူး(၄)၊ ဒုတိယလက်ထောက်ဦးစီးမှူး၊

ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး

၅ .၃.၂၀၂၄

(မွန်းလွဲပိုင်း)

၆ .၃.၂၀၂၄

 

 

 ၃။      ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မှ လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများအား လူတွေ့

 စစ်ဆေးခြင်းကို ၆.၃.၂၀၂၃ ရက်နေ့တွင် သက်ဆိုင်ရာပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများ  

 မှတဆင့် Virtual စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

 ၄။      ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၆)၊ နေပြည်တော်တွင် လာရောက်

 ဖြေဆိုရမည့်သူများအနေဖြင့် ဖြေဆိုရမည့်နေ့ရက်တွင် နံနက် ၉:၃၀ နာရီအရောက် အုပ်ချုပ်ရေးနှင့်

 လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲသို့ သတင်းပေးပို့သွားရန်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ   

 လူတွေ့စစ်ဆေးခြင်း ခံယူမည့်သူများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးသို့  

 ၆.၃. ၂၀၂၄ ရက်နေ့နံနက် ၉:၀၀ နာရီအရောက် သတင်းပေးပို့သွားရန်ဖြစ်ပါသည်။

 

 

 

 

 

၅။       ထိုသို့ လူတွေ့ဖြေဆိုရန် လာရောက်သည့်နေ့တွင် အောက်ဖော်ပြပါစာရွက်စာတမ်းများအား

မပျက်မကွက် ယူဆောင်လာရမည်ဖြစ်ပါသည်-

 

         (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)

         ( ခ ) တက္ကသိုလ်ဝန်ထမ်းအောင်လက်မှတ်(မူရင်း)

         ( ဂ ) ဘွဲ့လက်မှတ်(မူရင်း)

 

၆။      အသေးစိတ်သိရှိလိုပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဖုန်းနံပါတ်

၀၆၇-၃၄၁၁၄၈၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Other Announcements

Tender Lists