Announcements

Home Announcements detail

အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်အစီအစဉ်-၂၀၂၆ (ASEAN Energy Award-2026) သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

05th Mar 2026

အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်အစီအစဉ် -၂၀၂၆ (ASEAN Energy Award-2026) သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

              အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ASEAN Center for Energy (ACE) မှ ကြီးမှူး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ Energy Efficiency နှင့် သက်ဆိုင်သည့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃) ခုတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ACE မှ ဖိတ်ခေါ် လာမှုအပေါ် စိတ်ပါဝင်စားသည့် ကုမ္ပဏီများဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင် လိုပါက ပြိုင်ပွဲဝင်လျှောက်လွှာများအား စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဖုန်း ၀၆၇-၃၄၀၅၁၅၃၊ အီးမေးလ် irid.moi2024@gmail.com သို့ ၂၀-၃-၂၀၂၆ ရက်နေ့အရောက် နောက်ဆုံးထားပေးပို့ပါရန်၊ ဤဝန်ကြီးဌာန၏ အီးမေးလ် myanenergy.policy@gmail.com သို့ Copy ပေးပို့ပေးပါရန်နှင့် စုံစမ်းမေးမြန်းလိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံ ချွေတာရေးဌာန ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၂၂၈ နှင့် ၀၆၇-၃၄၀၅၂၂၉၊ အီးမေးလ်လိပ်စာ၊ eecd.moi @gmail.com များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

              (က) ASEAN Best Practices for Energy Efficient Buildings (EEB) Awards

              (ခ)   ASEAN Best Practices for Green Building (GB) Awards

(ဂ)   ASEAN Best Practices for Energy Management (EM) in Buildings and                         Industries Awards

 

 

Other Announcements

Tender Lists