စွမ်းအင်သမိုင်း ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ခဲ့သော ရေနံလုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် “ပြည်သူ့ရေနံလုပ်ငန်း” ဟူ၍လည်းကောင်း၊၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် “မြန်မာ့ရေနံကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းမှ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း(Petrochemical Industries Corporation) နှင့် ရေနံ ထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းနှစ်ခုကို သီးခြားခွဲထုတ်၍ ဖွဲ့စည်းခဲ့ပါသည်။ ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်းအမည်မှ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် နေ့မှစ၍ ယနေ့အထိ “မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း” (Myanma Petrochemical Enterprise) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ လုပ်ငန်းရည်ရွယ်ချက် နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းရှိ ကုန်းတွင်းနှင့်ကမ်းလွန်တို့မှ … Continue reading စွမ်းအင်သမိုင်း