• မူလစာမျက်နှာ minister လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း


Tue 03-01-2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံဧည့်ရိပ်သာ၌ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် စက်ရုံမှူးတို့မှ စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ခဲ့မှုအခြေအနေ၊ ဝန်ထမ်းနှင့်လုံခြုံရေး အင်အားရရှိမှုအခြေအနေ၊ စက်ရုံဝန်းအတွင်းရှိ စက်သုံးဆီသိုလှောင်ကန်၊ စက်သုံးဆီတင်ချဆိပ်ခံ တံတား၊ ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန်များ၊ စက်ဆီရောစပ်စည်သွတ်စက်ရုံတို့အား ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုအခြေအနေများ၊ စက်ရုံဓာတ်ခွဲခန်းတွင် စက်သုံးဆီနှင့် စက်ဆီ/ချောဆီများစမ်းသပ်နေ မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များနှင့်အညီ စက်ရုံ ဧည့်ရိပ်သာ၊ ရုံးအဆောက်အဦများပြင်ဆင်မွမ်းမံထားရှိမှုအခြေအနေများ၊ စက်ဆီရောစပ်စည်သွတ် စက်ရုံလည်ပတ်ထုတ်လုပ်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဝန်းအတွင်းရှိ စက်ရုံဧည့်ရိပ်သာ၊ ရုံး အဆောက်အဦများပြင်ဆင်မွမ်းမံထားရှိမှုအခြေအနေများနှင့် ရေနံပေါင်းတင်စက်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းအဆောက်အဦများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ်ပြုပြင်မွမ်းမံထိန်းသိမ်းရေး အလေးထား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စက်ရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းနှင့် စက်ရုံလည်ပတ်နိုင်ရေး ကိစ္စများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သည့်လုပ်ငန်းများအား တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စက်သုံးဆီ အမျိုးမျိုးတို့ကို ပြည်တွင်း၌ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်ရုံအားလာရောက်လေ့လာလိုသည့် ရင်းနှီးမြှုပ်နှံသူများအား ကြိုတင်လေ့လာနိုင် ရေးပွင့်လင်းမြင်သာစွာ ထပ်မံဖိတ်ခေါ်သွားရန်လိုအပ်ကြောင်း၊ စက်ရုံဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘော များဆိုက်ကပ်နိုင်မည့်အခြေအနေအားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာတင်ပြသွား ရန်ဖြစ်ကြောင်း၊ စက်ရုံဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စက်ရုံဝန်ထမ်းများအား တာဝန် ပေးအပ်ကာ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ စက်ရုံဝန်းနှင့် ဝန်ထမ်းအိမ်ရာများလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြုဆောင်ရွက်ရန်လိုပါကြောင်းမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ ပြန်လည်လည်ပတ်ထုတ်လုပ်လျက်ရှိသည့် စက်ဆီရော စပ်စည်သွတ်စက်ရုံနှင့် သိုလှောင်ကန်များပြုပြင်မွမ်းမံပြီးစီးမှုအခြေအနေများ၊ ကုန်ချောဖြန့်ဖြူးနိုင် ရေးအတွက် အသစ်တပ်ဆင်ထားသော Filling Mechine ဖြင့် စက်ဆီ/ချောဆီဖြည့်တင်းဆောင်ရွက် နေမှုအခြေအနေများ၊ ကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက စက်ဆီရောစပ်စည်သွတ်စက်ရုံအား စဉ်ဆက်မပြတ်လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှလိုအပ်သော Mono-grade အဆင့် စက်ဆီ/ချောဆီများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Mono-grade အဆင့်မှ Multi-grade အဆင့်ရှိသော စက်ဆီ/ချောဆီများထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စီးပွားရေးတွက်ချေကိုက်မှုရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင် များက ပြည်ပမှကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခပေးချေသောစနစ်ဖြင့် စက်ဆီ/ချောဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါ သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဝန်းအတွင်းရှိ ရှေးဟောင်းပေါ်တူဂီဘုရား ကျောင်းသို့ရောက်ရှိရာ ဘုရားကျောင်းတာဝန်ခံက ဘုရားကျောင်းသမိုင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ ဘုရားကျောင်းရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။





Top